အနံ့အရသာအသေးစိတ်ဖော်ပြချက်
ရှမ်းပြည်နယ်၏ နွေးထွေးသော နေရောင်ခြည်အောက်တွင် ပြုစုပျိုးထောင်ထားသော ရွာငံထွက် ကော်ဖီစေ့များသည် တောက်ပသောအချဉ်ဓာတ် (Bright acidity) နှင့် လီမွန်၊ ကမ္ဗလာသီးကဲ့သို့ အရသာ များကို ပေးစွမ်းပါသည်။ မူလအရသာကို မပျက်စီးစေရန် ဖြည်းဖြည်းချင်း လှော်ထားသည့် (Medium Roast) ဖြစ်တဲ့အတွက်-
ကော်ဖီရဲ့အနံ့သည် :
သစ်သီး ၊ ချောကလက်နုနု၊ တောပန်းရနံ့ အနည်းငယ်တို့ပေါင်းစပ်ဖြစ်ပေါ်လာသော အနံ့မျိုးဖြစ်သည်။
ကော်ဖီရဲ့အရသာသည် :
ပထမဆုံးသောက်လိုက်သောအခါ သစ်သီးအချဉ်အရသာနှင့် စတင်ပြီး၊ အနည်းငယ်သော ပန်းရနံ့ (Floral Hint) ကို ခံစားရပါမည်။
အလယ်ပိုင်းတွင် ချောကလက်နုနုနှင့် အခွံမာသီး (Nutty) အရသာများ ပေါ်လာပြီး
နောက်ဆုံးတွင် သကြားလုံးနုနုကဲ့သို့ နူးညံ့သောအချိုဓာတ် (Delicate Sweetness) ဖြင့် အဆုံးသတ်ကာ၊ ချောမွေ့သော ကိုယ်ထည် (Smooth Body) ကျန်ရစ်စေမည်ဖြစ်သည်။ ထို့ကြောင့် ချဉ်၊ ခါး၊ ချို မျှတမွှေးပျံ့တဲ့ခံစားမှုမျိုး ဖြစ်ပါသည်။
မျှော်လင့်အရသာအတွက် အမှုန့်အရွယ်အစားရွေးချယ်မှု
အချဉ်ဓာတ်၊ သစ်သီးအရသာနှင့်တောပန်းရနံ့များကို ပိုမိုခံစားနိုင်ရန်အတွက် Filter Brew (V60, Chemex), French Press တို့ဖြင့် Coarse ground ကို အသုံးပြုသင့်ပါသည်။
ချောကလက်နှင့် အခွံမာသီးအရသာများ ပိုမိုထင်ရှားစေရန်အတွက် လက်ဖျော်နှပ်သောက်၊ Coffee Maker ၊ Moka Pot တို့ဖြင့် Fine ground ကို အသုံးပြုသင့်ပါသည်။
အချုပ်အားဖြင့်-
ဤ Natural Blend သည် Dry Natural Processing ၏သစ်သီးအရသာနှင့် Fully Washed Processing ၏ ရှင်းလင်းသောအရသာ( Clean taste) တို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားသောကြောင့်၊သဘာဝအတိုင်း ချိုမြိန်ပြီး ရှုပ်ထွေးသောအရသာ (Naturally Sweet & Complex) ကို ရှာဖွေသူများအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။

















