top of page
  • White Facebook Icon
  • TikTok
  • Youtube

အနံ့အရသာအသေးစိတ်ဖျော်ပြချက်

ရှမ်းပြည်နယ်၏ နွေးထွေးသော နေရောင်ခြည်အောက်တွင် ပြုစုပျိုးထောင်ထားသော ရွာငံထွက် ကော်ဖီစေ့များသည် တောက်ပသောအချဉ်ဓာတ် (Bright acidity) နှင့် လီမွန်၊ ကမ္ဗလာသီးကဲ့သို့ အရသာ များကို ပေးစွမ်းသည်။ ပြင်ဦးလွင်ထွက် ကော်ဖီစေ့များသည် ချောမွေ့သော ကိုယ်ထည် (Smooth body)နှင့် ချောကလက်နက်၊ အခွံမာသီး၏ အရသာများကဲ့သို့ဖြည့်ဆည်းပေးသည်။

အခြေခံထိုအရသာတို့ အတူတကွပေါင်းစပ်မိသောအခါ၊ လိုက်ဖက်ဟန်ချက်ညီသောအချဉ်အရသာနှင့် smooth body နှင့် floral ပန်းရနံ့တို့ကဲ့သို့ ဖန်တီးပေးပါသည်။ ၎င်းကော်ဖီကို Medium dark roast လှော်လိုက်သည့်အတွက် -

ကော်ဖီ၏ရနံ့သည်:

  • ချောကလက်၊ အခွံမာသီးနှင့် ပန်းရနံ့ပျော့ပျော့တို့ ဟန်ချက်ညီညီ ပေါင်းစပ်ထားသည့်အနံ့မျိုး ဖြစ်ပေါ် လာပါသည်။

ကော်ဖီ၏ အရသာသည်:

  • ပထမဆုံးသောက်လိုက်သောအခါ ခါးသက်မှုအရသာကို ခံစားရမည်ဖြစ်ပြီး
  • အလယ်ပိုင်းတွင် ချောကလက်၊ အခွံမာသီးကဲ့သို့ အရသာမျိုးဖြစ်သည်။
  • နောက်ဆုံးတွင် ချောမွေ့သော ကိုယ်ထည် smooth body နှင့် နူးညံ့သော အချိုဓာတ်ပါးပါးလေး Sweetness ဖြင့် အဆုံးသတ်မည်ဖြစ်သည်။

မျှော်လင့်အရသာအတွက် အမှုန့်အရွယ်အစားရွေးချယ်မှု

ချောကလက်နှင့် အခွံမာသီးအရသာများ ပိုမိုထင်ရှားစေရန်အတွက် လက်ဖျော်နှပ်သောက်၊ Coffee Maker ၊ Moka Pot တို့ဖြင့် Fine ground ကို အသုံးပြုသင့်ပါသည်။

အချုပ်အားဖြင့်

Signature Blend သည် ခါးသက်မှုမှ ချိုမြိန်မှုဆီသို့ ညင်သာစွာ ပြောင်းလဲသော အရသာမျိုးဖြစ်ပြီး ချောကလက်နှင့် အခွံမာသီးအရသာနှစ်သက်သူတို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။

Signature blend coffee

SKU: 364215375135191
Color
Quantity
No Reviews YetShare your thoughts. Be the first to leave a review.

You Might Also Like

bottom of page