
More than coffee -
A lifestyle
Our Story
Harmony Cup Coffee လုပ်ငန်သည် ရွာငံဒေသ၏ နှလုံးသားကို နက်ရှိုင်းစွာလေ့လာခြင်းဖြင့် စတင်ခဲ့သော ခရီးတစ်ခုဖြစ်သည်။
၂၀၁၉ခုနှစ်တွင် ကော်ဖီလုပ်ငန်းရှင်မိတ်ဆွေများ၏ ဖိတ်ခေါ်မှုအရ ရွာငံ၏စိမ်းလန်းသော တောင်ကုန်းများကြား စိုက်ပျိုးထားသော အာရေဗီကား(Arabica)ကော်ဖီပင်များနှင့် ကော်ဖီစိုက်တောင်သူတို့၏ နေ့စဉ်ဘဝကိုအနီးကပ်လေ့လာခွင့် ရခဲ့ပါသည်။
ဤခရီးစဉ်အတွင်း၌ ကော်ဖီလုပ်ငန်းစဉ်များ၏ အရေးပါပုံနှင့် ကော်ဖီအရသာကောင်းတို့ချိတ်ဆက်နေမှုကို လေးလေးနက်နက် သတိပြုမိခဲ့ပါသည်။
ဤသည်မှာ Harmony Cup ဖြစ်လာဖို့အတွက် အိမ်မက်အစပင်ဖြစ်သည်။
အစောပိုင်းကာလတွင် ကော်ဖီစေ့အစိမ်း (Coffee Green Bean) များသာ ရောင်းချခဲ့သော်လည်း ၂၀၂၃ နှောင်းပိုင်းတွင် Harmony Cup အမည်ဖြင့် အရည်သွေးမြင့်ကော်ဖီထုတ်ကုန်များအား စတင်ထုတ်လုပ် ရောင်းချခဲ့ပါသည်။


"ကျွန်တော်တို့သည် ကော်ဖီကို ရောင်းချနေခြင်းထက် နေ့စဉ်ဘဝအတွက် အရသာရှိသော အခိုက်အတန့်များကို ဖန်တီးပေးနေခြင်းသာ ဖြစ်ပါသည်။"
Our Products
Discover its unique flavor
ဟာမိုနီကပ်ကော်ဖီသည် ကော်ဖီတခွက်ချင်းစီတိုင်း၏ အရည်အသွေးတူညီမှုနှင့် အရသာတသမတ်တည်းရှိမှုကို အထူးဦးစားပေးပါသည်။
သောက်သုံးတိုင်းတွင် တူညီသော Premium အရသာကို ခံစားရစေရန်မှာ ကျွန်တော်တို့၏ အဓိကပန်းတိုင်ပင် ဖြစ်ပါသည်
Our Valve
Quality Assurance
-
အရည်အသွေးပြည့်မှီသော အာရေဗီကား ကော်ဖီသီးများကို စနစ်တကျ Processing ဆောင်ရွက်သော ကော်ဖီခြံများကိုသာ ရွေးချယ်လက်တွဲပါသည်။
-
တစ်သမတ်တည်း အရည်အသွေးကို သေချာစေရန်၊ Batch တစ်ကြိမ်ထဲမှထွက်ရှိသည့် Quality Green Beans များကို ၁ နှစ်စာဝယ်ယူပြီး စနစ်တကျ ထိန်းသိမ်းထားပါသည်။


Our Trusted Associates
ရွာငံနှင့် ပြင်ဦးလွင်ဒေသ တောင်ကုန်းများကြားတွင် မျိုးရိုးစဉ်ဆက် ကော်ဖီစိုက်ပျိုးခြင်း အတတ်ပညာဖြင့် အသက်မွေးသော ကော်ဖီတောင်သူများ ရှိပါသည်။
သူတို့သည် သာမန်တောင်သူများမဟုတ်ဘဲ ဒေသရေ၊ မြေတို့နှင့်နက်ရှိုင်းစွာဆက်နွယ်နေသော ကော်ဖီစိုက်အနုပညာ ရှင်များ ဖြစ်ကြသည်။ သူတို့သည်ရာသီဥတုနှင့် သဘာဝ ၏စည်းချက်များကို ကောင်းစွာနားလည်ထားပြီး၊ နေ့စဉ်ဘဝသည် နေမထွက်မီကတည်းက စတင်ကာ ကော်ဖီပင်များကို ဂရုတစိုက် ပြုစုပျိုးထောင်ကြသည်။
အရည်အသွေးပြည့်ဝသော ကော်ဖီစေ့များသည် သူတို့အားထုတ်မှု၏ တိုက်ရိုက်ရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်း နားလည်ထားကြသည်။
သူတို့သည် ကျွန်တော်တို့၏ရောင်းချသူများဆိုတာထက် ပိုပါသည်။
-
ကျွန်တော်တို့ Harmony Cup ကော်ဖီလုပ်ငန်းခရီး၏ လက်တွဲဖော်များ ဖြစ်ကြသည်။
-
သူတို့၏ ကော်ဖီပညာရပ်သည် ကျွန်တော်တို့ Harmony Cup ကော်ဖီကို သာမာန်ကောင်းခြင်းထက် ပိုမိုကောင်းမွန်စေသော လျှို့ဝှက်ပါဝင်ပစ္စည်းဖြစ်သည်။


CONTACT
Manufactured By
Harmony Cup Green Bean Trading
76/A, Myinthar (2)st,
15 Qtr, South Okkalapa Township
Yangon, Myanmar
09442009292, 09423867695

























